ဂါဇာဒေသ စစ်ပွဲ အဆုံးသတ်ရေးအတွက် အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ရရှိရေး အဆောတလျင် ကြိုးပမ်းနေတယ်ဆိုတဲ့ ကတိကဝတ်ကို ဘိုင်ဒန်နဲ့ နေတန်ညာဟုတို့ဆီက ရရှိထားတယ်လို့ ဓားစာခံတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု တို့ရဲ့ တွေ့ဆုံမှုအပြီးမှာ မိသားစုဝင်တွေဘက်က အခုလို သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
အစ္စရေးဟာ လက်ရှိ အပစ်ရပ်စဲရေး အဆိုပြုချက်အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့ သူတို့ကို ပြောဆိုတာမျိုး ရှိကြောင်းလည်း ဓားစာခံမိသားစုဝင် တစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးဟာ လက်ရှိ အဆိုပြုချက်မှာ အပြောင်းအလဲ တချို့လုပ်ဖို့ တောင်းဆိုနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အနောက်နိုင်ငံ အရာရှိတစ်ယောက် ၊ ပါလက်စတိုင်းနဲ့ အီဂျစ်သတင်းရင်းမြစ် သုံးယောက်တို့ရဲ့ အဆိုအရ အစ္စရေးဟာ အပစ်ရပ် စဲမှု စတင်ချိန်မှာ ဂါဇာမြောက်ပိုင်းကို ပြန်လာမဲ့ ပါလက်စတိုင်း ရွှေ့ပြောင်းဒုက္ခသည်တွေကို စိစစ်ရှာဖွေမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ကို ပြောနေတယ်လို့ ဆိုကြောင်း ရိုက်တာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။