ဂါဇာအပစ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက် ရရှိနိုင်ဖို့ အလားအလာကို အကောင်းမြင်ထား တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ပြောပါတယ်။ သဘောတူညီချက်သာ ရရှိခဲ့ပြီဆိုရင် ဘယ်အချိန်မှာ အဲဒီအပစ်ရပ်စဲမှု စတင်မလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ ဒါက စောင့်ကြည့် ရဦးမယ်လို့ ဘိုင်ဒန်က ဖြေကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံကတော့ ဟားမာ့စ် စစ်သွေးကြွအဖွဲ့ကို ဖျက်ဆီးပစ်မှသာ ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်မယ်လို့ တစ်စိုက်မတ်မတ် ပြောဆိုနေပါတယ်။ ဟားမာ့စ်အဖွဲဘက်ကလည်း ယာယီ အပစ်ရပ်စဲမှု မျိုးကို လက်ခံမဘဲ အမြဲတမ်းအပစ်အခတ်ရပ်စဲမှုကိုပဲ လက်ခံမယ်လို့ ပြောထားပါတယ်။

ဒိုဟာမှာ ကျင်းပနေတဲ့ အပစ်ရပ်ဆွေးနွေးမှုတွေကို လာမယ့်အပတ်ထဲမှာ ထပ်မံတွေ့ဆုံမှု ပြုလုပ်သွားဖို့ စေ့စပ်ညှိုနှိုင်းရေး မှူးတွေက တွန်းအားပေးနေကြပါတယ်။ အမေရိကန်၊ ကာတာနဲ့ အီဂျစ် သုံးနိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ မှာ အမေရိကန်ပြည်ထောင်စုက အပစ်ရပ်စဲမှုဆိုင်ရာ အဆိုပြုချက်သစ်တစ်ရပ် တင်ပြထားတယ်လို့ ဖော်ပြခဲ့ပါ တယ်။
အစ္စရေးရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အပစ်ရပ်စဲမှုတစ်ခုဟာ ဂါဇာမှာ ဆင်နွှဲနေတဲ့ အစ္စရေးရဲ့ စစ်ပွဲ ပြန့်ကားထွက်မဲ့ အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ပြောထားပါတယ်။