သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ သြဂုတ် ၂၈ ရက်က စတင်ခဲ့တဲ့ ကျယ်ပြန်တဲ့ စစ်ဆင်ရေးတစ်ရပ်ကို အစ္စရေးစစ်တပ်က အခုချိန်ထိ ဆက်လက်ဆင်နွှဲနေတယ်လို့ သိရပါတယ်။

စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စက်တင်ဘာ ၃ ရက်က အစ္စရေးစစ်ကားတွေဟာ တူလ်ခမ်လမ်းတွေပေါ်မှာ သွားလာနေတာကို မြင်တွေ့ခဲ့ရ ပါတယ်။ မျက်မြင်သက်သေတစ်ယောာက်ရဲ့ ပြောကြားချက်အရ ဩဂုတ် ၂၈ ရက်အစောပိုင်းမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးမှာ အစ္စရေးတပ်ဖွဲ့ဝင် ရာနဲ့ချီ ပါဝင်ပြီး ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေ၊ သံချပ်ကာယာဉ်တွေနဲ့ စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တူလ်ခမ်၊ ဂျယ်နင်းနဲ့ ဂျော်ဒန်ချိုင့်ဝှမ်းက ဒေသတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပါတယ်။ ပါလက်စတိုင်း ပိုင်နက်တွေဖြစ်တဲ့ ဂါဇာနဲ့ အနောက်ဘက်ကမ်းက အဓိကဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု ထဲက တစ်ခုဖြစ်တဲ့ ဂျော်ဝါလ်ရဲ့ ကွန်ရက်ဟာ လုံးလုံးလျားလျား ပြတ်တောက်ခဲ့ပါတယ်။
ဂျယ်နင်းနဲ့ အနောက် ဘက်ကမ်းရဲ့ တခြားနေရာတွေမှာ အနည်းဆုံး ပါလက်စတိုင်း ၂၉ ယောက် သေဆုံးခဲ့ပြီး အများစုဟာ ဟားမာ့စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်တွေလို့ ထုတ်ပြန်ထားပါတယ်။ နောက်ထပ် လူ ၁၂၁ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။