စက်တင်ဘာ ၈ ရက်မှာ ဂျော်ဒန်နိုင်ငံက ဖြတ်ကူးလာတဲ့ သေနတ်သမားတစ်ယောက်က အစ္စရေး ၃ ယောက်ကို ပစ်သတ်ပြီးနောက် အစ္စရေးဘက်က ဂျော်ဒန်နဲ့ သူ့ရဲ့ ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဂိတ် ၃ ခုစလုံးကို ပိတ်လိုက်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အလန်ဘီတံတားကို ဖြတ်ကျော်မယ့် စစ်ဆေးရေးဂိတ်တစ်ခု မှာ ဘတ်စကားတွေကို စစ်ဆေးနေတယ်လို့ အစောပိုင်းမှာ အစ္စရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက် ပစ်ခတ်မှုဟာ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမာ့စ်က အောက်တိုဘာ ၇ ရက် အစ္စရေး တောင်ပိုင်းမှာ သောင်းကျန်းပြီးနောက် ဂျော်ဒန်နယ်စပ်တစ်လျှောက် ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပါတယ်။

အနောက်ဘက်ကမ်းကို ကုန်စည်တွေ ပို့ဆောင်တဲ့ ဂျော်ဒန် ကုန်တင်ကားတွေ ကုန်ပစ္စည်းတွေတင်ဆောင်နေတဲ့ အစ္စရေးထိန်းချုပ်မှုအောက်ရှိ စီးပွားရေးကုန်တင်ကုန်ချဧရိယာမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဘုရင်ဟူစိန်တံတားလို့လည်း လူသိများတဲ့ အဲဒီဖြတ်ကျော်တံတားဟာ ပင်လယ်သေရဲ့ မြောက်ဘက်မှာရှိတဲ့ အာမန်မြို့နဲ့ ဂျေရုဆလင်အကြား အလယ်အလတ်အကွာမှာ ရှိပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဂျော်ဒန်ပြည်ထဲ ရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။