အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲတွေ ဆက်ဖြစ်နေလို့ ဒေသခံပြည်သူတွေရဲ့အသက်တွေ ဆုံးရှုံးနေတာတွေ ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဂူတာရက်စ်က တနင်္လာနေ့က ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖါဟန်းဟာ့ က ပြောပါတယ်။
နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစားခံ တွေ ပြန်လွှတ်ပေးရေးအတွက် သဘောတူညီမှုတစ်ရပ်ကို အပြီးသတ်လုပ်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အရပ်သားတွေကို ကာကွယ်ပေးနိုင်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အတွက် လုံခြုံဘေးကင်းပြီး အစစ်အဆေးမရှိတဲ့ လမ်းကြောင်းတွေကို ဂါဇာဒေသထဲ ဖေါ်ဆောင်ပေးဖို့ ကိုလည်း ကုလသမဂ္ဂ အကြီးအကဲက အလေးအနက်ထား ပြောကြားတယ်လို့ ဆိုပါတယ်။
အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ခေါင်းဆောင်တွေရဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးနေတဲ့ အားထုတ်ကြိုးစားနေမှုကိုလည်း ဂူတာရက်စ်က ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။