ဂါဇာမှာ ဓားစာခံ ခြောက်ယောက် အသက်ဆုံးခဲ့ရတဲ့နောက် အစ္စရေးနိုင်ငံမှာ ဆန္ဒဖော်ထုတ်ပွဲတွေ တနင်္ဂနွေနေ့က ပေါ်ပေါက်ခဲ့ပါတယ်။
ဓားစာခံတွေ လွတ်မြောက်စေနိုင်မဲ့ အပစ်ရပ် သဘောတူညီချက် ရရှိရေးနဲ့ ပတ်သက်ပြီး အစ္စရေး ခေါင်းဆောင်တွေ ပျက်ကွက်မှုအပေါ် စိတ်ပျက်နေတဲ့ ပြည်သူတွေက ဆန္ဒဖော်ထုတ်မှု လုပ်ခဲ့တာပါ။
ဘင်ဂျမင် နေတန်ညာဟု အစိုးရအနေနဲ့ ဂါဇာမှာ ကျန်ရှိနေဆဲဖြစ်တဲ့ ဓားစာခံတွေကို အိမ်ပြန်ခေါ်နိုင်ရေးအတွက် ပိုမို လုပ်ဆောင်ဖို့ ဆန္ဒဖော်ထုတ်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒဖော်ထုတ်သူ လူအုပ်တွေကို လမ်းမပိတ်ဖို့နဲ့ လူစုခွဲဖို့ ကြိုးစားခဲ့ရာမှာ နှစ်ဖက်ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဂျေရုဆလင်၊ တဲလ်အဗစ်နဲ့ တခြားမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒဖော်ထုတ်မှုတွေမှာ လူဦးရေ (၅)သိန်း လောက် ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ အစ္စရေးမီဒီယာတွေက ခန့်မှန်းထားပါတယ်။
ဆန္ဒဖော်ထုတ်သူ နှစ်ဒါဇင်နီးပါး လောက်ကိုလည်း ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။