အနောက်ဘက်ကမ်းဒေသ တာလကမ်မြို့မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်းနှစ်ယောက်ကို စက်တင်ဘာ ၁၀ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ပါလက်စတိုင်းအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ အသေး စိတ် အကြောင်းအရာကိုတော့ မသိရသေးပါဘူး။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဧရိယာထဲမှာ ထပ်မံဖြစ်ပွားတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စရေးဘက်က ချက်ချင်းတုံ့ပြန်တာ မရှိပါဘူး။

အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ မိမိတို့တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြောင်း ဖာတာနဲ့ အခြား လက်နက် ကိုင်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ထားပါတယ်။