မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်က လုပ်ငန်းတွေဟာ အစိုးရဝန်ထမ်းတွေကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်နဲ့ ကျယ်ပြန့်တဲ့ အသုံးပြုမှုတွေအတွက် မွေးကင်းစ AI နည်းပညာရဲ့ အားသာချက် အားနည်းချက်တွေကို ပညာပေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည် အစည်းအဝေးမှာ AI နဲ့ အုပ်ချုပ်မှု အစီအစဉ်ခေါင်းစဉ်အောက်မှာ ဆွေးနွေးခဲ့တာပါ။ AI နည်းပညာဟာ ကော်လာဖြူ အလုပ်အကိုင်တွေကို ကူညီပံ့ ပိုးပေးနိုင်ဖို့နဲ့ ကုန်ထုတ်စွမ်းအားကို ထုတ်လုပ်မှုကို လုံလောက်တဲ့ အဆင့်မြင့်လာစေဖို့ AI နည်းပညာက သိသာ ထင်ရှားတဲ့ အောင်မြင်မှုတစ်ခု ရလာခဲ့တယ်လို့လည်း ဘီလ်ဂိတ်က ပြောပါတယ်။
AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာ အစောပိုင်းအဆင့်မှာ ရှိနေဆဲမို့ အစိုးရတွေအနေနဲ့ AI အသုံးချ ပလီကေးရှင်းကို စောင့်ကြည့်ထိန်းညှိဖို့ ခြေလှမ်းပြင်သင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။
စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ ပတ်သက်လို့လည်း ဆိုက်ဘာနည်းပညာကို လူဆိုးတွေက အသုံးချတိုက်ခိုက်တဲ့ အတွက် ဆိုက်ဘာကာကွယ်ရေးကို ကူညီပေးဖို့ ပိုကောင်းတဲ့ AI တစ်ခု လိုအပ်ပုံနဲ့ ဥပမာပေး ပြောဆိုခဲ့ပါတယ်။ ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF နှစ်ပတ်လည်အစည်းအဝေးကို “ ယုံကြည်မှုပြန်လည်တည် ဆောက်ခြင်း” ဆောင်ပုဒ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ဆွဇ်ဇာလန် စကိတ်စီးအပန်းဖြေမြို့ ဒါဗို့စ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။