ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အရေးပါကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး လက်ရှိအနေအထားကို ပြောင်းလဲဖို့ အင်အားသုံးမှု ဒါမှမဟုတ် အကျပ်ကိုင်မှုနဲ့ တစ်ဖက် သတ် ကြိုးပမ်းမှုတွေကို ဂျပန်က ဆန့်ကျင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၈ ရက်က မနီလာမြို့မှာ ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံမှုအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက အခုလို ဖော်ပြခဲ့တာပါ။

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒေသတွင်း တည်ငြိမ်ရေး ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့ကြပြီး ဂျပန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံအကြား အပြန်အလှန်ဝင်ရောက်ခွင့် သဘောတူညီချက်(RAA)ကို တနင်္လာနေ့က လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံ ကာကွယ်ရေး ဆက်ဆံမှုကို မြှင့်တင်ခဲ့ပါတယ်။
အဲဒီ သဘောတူညီချက်ဟာ အာရှမှာ ဂျပန်ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အမျိုးအစားဖြစ်ပြီး အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်သင်္ဘောတွေရဲ့ အားကောင်းတဲ့လှုပ်ရှားမှုတွေ မြင့်တက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန်ရဲ့ အရင်းနှီးဆုံး အာရှမဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ အခိုင်အမာပြောဆိုနေမှုကို ဆန့်ကျင်တဲ့လမ်းကြောင်းတစ်ခု ရယူထားတယ်လို့ သိရပါတယ်။