အင်ဒိုနီးရှားနိုင်ငံဟာ BRICS အဖွဲ့ဝင်အသစ်ဖြစ်လာကြောင်း ဘရာဇီးက ကြေညာခဲ့တာကို AP သတင်းမှာရေးသား ထားပါတယ်။ BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့က ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ဖွံ့ဖြိုးဆဲစီးပွားရေးအစုအဖွဲ့(BRICS) ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အ၀ လက်ခံ လိုက်ပြီဖြစ်ကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဘရာဇီးက ကြေညာခဲ့တာပါ။ ကမ္ဘာပေါ်မှာ စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ အစိုးရအသစ်ဖွဲ့စည်းပြီးမှသာ BRICS အဖွဲ့ထဲကို တရားဝင်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ စီးပွားရေးနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ကတိကဝတ်ပြုကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ဖို့အတွက် ရည်ရွယ် ထားတာဖြစ်ပါတယ်။