တောင်ကိုရီးယားရဲ့ Hyundai ကားလုပ်ငန်းအုပ်စုနဲ့ LG စွမ်းအင်လုပ်ငန်းတို့ဟာ နှစ်စဉ် ၁၀ ဂဂ္ဂါဝပ်နာရီ စွမ်းအား ရှိတဲ့ ဘက်ထရီဆဲလ်ထုတ်လုပ်ရေးစက်ရုံကို ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။
ဒီစီမံကိန်း ဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံး ဘက်ထရီဆဲလ်စက်ရုံ ဖြစ်ပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးမှာ EV ထောက်ပံ့ရေးကွင်းဆက်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ တောင်ကိုရီးယားကုမ္ပဏီနှစ်ခုရဲ့ ကတိကဝတ်တစ်ခုဖြစ်တယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောဆိုခဲ့ပါတယ်။
သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီစက်ရုံဟာ ပြည်တွင်းစီစဉ်ထုတ်လုပ်မှုလုပ်ငန်းကို ထူထောင်ခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ EV ထောက်ပံ့ ရေးကွင်းဆက်မှာ အင်ဒိုနီးရှားရဲ့ အဓိက အနေအထားကို ခိုင်မြဲစေမယ်လို့ ပြောဆိုခဲ့ပါတယ်။
အရှေ့တောင်အာရှ မှာ ပထမဆုံးနဲ့ အကြီးဆုံး EV ဘက်ထရီ စက်ရုံလည်းဖြစ်ပြီး နီကယ်၊ ဘောက်ဆိုက်နဲ့ ကြေးနီတွေ အင်ဒိုနီးရှားမှာ ရှိနေတာကြောင့် တခြားနိုင်ငံတွေနဲ့ ဒီပြိုင်ပွဲကို အောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဂျိုကိုဝီက ပြောဆိုခဲ့ပါတယ်။
