အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို တကြော့ပြန်လည်ရောက်ရှိလာပြီးနောက်မှာ အမိန့်တွေ တစ်ခု ပြီးတစ်ခု လက်မှတ်ရေးထိုးနေတာကို တွေ့ရပါတယ်။

အဲဒီ လက်မှတ်ရေးထိုးထားတဲ့အမိန့်တွေထဲမှာ အမေရိကန် ကို တင်ပို့တဲ့ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေ များစွာပါဝင်နေတာကြောင့် အဲဒီကိစ္စရပ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်သင့်တယ်လို့ အမေရိကန် ပြည်ထောင် စုမှာရှိတဲ့ အေဂျင်စီတွေက တိုက်တွန်းပြောကြားလာပါတယ်။

ထရမ့်ဟာ နိုင်ငံ၀င်ငွေ မြှင့်တင်ပေးနိုင်ဖို့အတွက် အကောက်ခွန်သစ် အစီအစဉ်တွေ ဆောင်ရွက်နေတာပါ။ ထရမ့်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်အပ်ဖို့ လျာထားခံရသူ Howard Lutnick ကလည်း စုံစမ်းစစ်ဆေးမှုကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အပြီးသတ် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားထားပါတယ်။