ရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း ဒီမီထရီ ဘူလ်ဂါကော့ဗ်ကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ FSB လို့ သိကြတဲ့ ရုရှားထောက်လှမ်းရေးဌာနက ဇူလိုင် ၂၆ ရက်မှာ ပြောဆိုခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြပါတယ်။
ဘူလ်ဂါကော့ဗ်ရဲ့ တရားမဝင်တဲ့ လှုပ်ရှားမှုတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ FSB က RIA နိုင်ငံပိုင် သတင်းအေဂျင်စီကို ပြောပါတယ်။
သူ့ကို မော်စကိုက တရားခွင်အကြို ထိန်းသိမ်းရေးစခန်းဆီ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။
စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံဖြစ်တဲ့ ဘူလ်ဂါကော့ဗ်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ နောက်ဆုံးဖြစ်ပါတယ်။

အခုဖမ်းဆီးမှုဟာာ ရုရှားတပ်မတော်ထဲ နှစ်များစွာအတွင်း အကြီးမားဆုံး အရှုပ်တော်ပုံ သက်ရောက်မှုဖြစ်ပါတယ်။
ဒါဟာ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ စစ်ဘက်အတွေ့အကြုံမရှိတဲ့ စီးပွားရေးပညာရှင် အန်ဒရီ ဘီလော့ဆော့ဗ်ရဲ့ အကျင့်ပျက်ခြစားမှုကင်းစင်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုတွေ လွယ်ကူချောမွေ့စေမယ့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဆာရေးရှိုဂူနဲ့ ရင်းနှီးတဲ့ မဟာမိတ် လက်ထောက်ကာကွယ်ရေးဝန်ကြီး တီမာ အိုင်ဗန်နော့ဗ်ကို ဧပြီမှာ ဖမ်းဆီးခဲ့ရာက အနည်းဆုံးအရာရှိကြီးငါးဦး ထိန်းသိမ်းခံခဲ့ရပြီး အဆင့်မြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စတင်ခဲ့တယ်လို့ သိရပါတယ်။