ကမ္ဘာ့သမိုင်းမှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး တိုက်လေယာဉ် တစ်စီးဖြစ်တဲ့ လော့ခ်ဟိဒ် မာတင် အက်ဖ်-၁၆ တိုက်လေယာဉ်ကို တီထွင်ထုတ်လုပ်မှုဟာ တနင်္ဂနွေနေ့က နှစ် (၅၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

အက်ဖ်-၁၆ သက်တမ်း နှစ် (၅၀) ပြည့်ထဲ အထိမ်းအမှတ်ကို ဗြိတိန်နိုင်ငံ ၊ ဂလိုဆပ်စ်တာရှိုင်းယားဒေသ တော်ဝင်နိုင်ငံတကာ လေကြောင်း တာတူး အခြေစိုက်စခန်းမှာ လေယာဉ်ပျံသန်းမှု စွမ်းရည်ပြပွဲလုပ်ပြီး ကျင်းပခဲ့ပါတယ်။

တိုက်ခိုက်ရေး သိန်းငှက်လို့လည်း ကျော်ကြားလှတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်ဟာ နေတိုး နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ တိုက်လေယာဉ် အုပ်စုတွေထဲမှာ အရေးပါတဲ့ လောဉ်တွေဖြစ်ပြီး နိုင်ငံပေါင်း (၂၅) နိုင်ငံ မှာ သုံးစွဲနေကြပါတယ်။

အက်ဖ်-၁၆ တိုက်လေယာဉ်ကို အပေါ့စား တိုက်ခိုက်ရေး လေယာဉ်အဖြစ် ပုံစံထုတ် တီထွင်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဘက်စုံသုံး တိုက်လေယာဉ်တစ်စီးအဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်။

နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ ဥရောပ စစ်ဆင်ရေးတွေမှာ အက်ဖ်-၁၆ဟာ အဓိက နေရာကနေ တာဝန်ထမ်းဆောင်နေပြီး တာဝန်ထမ်းနေတဲ့ လေယာဉ်ဟာ အစင်းပေါင်း (၇၀၀) လောက် ရျိနေပါတယ်။

အမေရိကန်နိုင်ငံ နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတချို့ရဲ့ လေတပ်တွေက အက်ဖ်-၁၆ နေရာမှာ နောက်ထပ် လော့ခ်ဟိဒ် မာတင် မျိုးဆက်သစ်ဖြစ်တဲ့ အက်ဖ်-၃၅တွေကို အစားထိုးသုံးစွဲစပြုနေကြပြီဖြစ်ပါတယ်။