ကင်ညာရဲတပ်ဖွဲ့ဟာ ပို့အော့ပရင့်စ်လမ်းမတွေပေါ် လက်နက်ကိရိယားအပြည့်အစုံနဲ့ ကင်းလှည့်နေပြီး ဇန်နဝါရီ ၂၈ ရက်က သံချပ်ကာယာဉ်တွေပါ အသုံးပြုခဲ့ပါတယ်။

ဟေတီနိုင်ငံက လက်နက်ကိုင်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီဖို့ မစ်ရှင်တစ်စိတ်တစ်ပိုင်းအနေနဲ့ ကင်ညာရဲတပ်ဖွဲ့ဝင်တွေ ပထမဆုံး ရောက်ရှိလာတဲ့ အပေါ် ဒေသခံတွေက သတိကြီးကြီးနဲ့ မျှော်လင့်ချက်ထားနေကြပါတယ်။ ကာလကြာရှည် နှောင့်နှေးနေတဲ့ မစ်ရှင်အတွက် ကင်ညာရဲအရာရှိ ရာဂဏန်းလောက် အခုသီတင်းပတ်အတွင်း ဟေတီနိုင်ငံကို ရောက်ရှိလာတာပါ။

ကုလသမဂ္ဂက အတည်ပြုထားတဲ့ အကူအညီပေးရေးတပ်ဖွဲ့ဝင်အရေအတွက်က ၂၅၀၀ ကျော် ဖြစ်ပြီး ကျန်ပြည်ပ တပ်ဖွဲ့ဝင်တွေ ဘယ်အချိန်မှာ ရောက်ရှိလာနိုင်မယ်ဆိုတာကတော့ မသိရသေးပါဘူး။ ဟေတီရာဇဝတ်ဂိုဏ်းခေါင်း ဆောင် ဂျင်မီချီရီဇီအာ ကတော့ နိုင်ငံတွင်းက နိုင်ငံခြားတပ်ဖွဲ့တွေကို တိုက်ထုတ်သွားမယ်လို့ ဂိုဏ်း မဟာမိတ်အဖွဲ့တွေကိုယ်စား ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမစ်ရှင်ရဲ့ ကနဦး ၁၂ လလုပ်ပိုင်ခွင့်ဟာ အောက်တိုဘာ လမှာ သက်တမ်းကုန်ဆုံးမှာပါ။ အရင် ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂမစ်ရှင်တွေဟာ အရပ်သားသေဆုံးမှုတွေ၊ ကာလဝမ်းရောဂါ ဖြစ်ပွားမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေ ချန်ထားခဲ့ပြီး လျော်ကြေးငွေ ရခဲ့တာ မရှိပါဘူး။
ဟေတီအရင်အစိုးရက ၂၀၂၂ ခုနှစ်ကတည်းက ကုလသမဂ္ဂတပ်ဖွဲ့လာဖို့ တောင်းဆိုခဲ့တာပါ။ ရာဇဝတ် ဂိုဏ်းတွေဟာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး မြို့တော်ရဲ့နေရာအနှံ့အပြားကို သိမ်းပိုက်ခဲ့ကာ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲ မှု၊ အစုလိုက်အပြုံလိုက် လိင်ပိုင်းအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပြီး ခရီးသွားလာမှုနဲ့ ကူးသန်းရောင်းဝယ်မှုတွေကို ထိခိုက်စေခဲ့ပါတယ်။