ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအတွင်း ယီမင်နိုင်ငံနဲ့ ကုန်သွယ်ရေးတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေချိန်မှာ ဟူသီသူပုန်တွေကို အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

ဟူသီတွေ ထိန်းချုပ်ထားတဲ့ Sanaa မြို့က ဆက်စပ်ကုမ္ပဏီတွေဟာ လက်နက် အစိတ် အပိုင်းတွေ ရရှိဖို့အတွက် ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။အမေရိကန်အနေနဲ့ အခုလို ပိတ်ဆို့အရေးယူမှုတွေဟာ “အပိုဝင်ငွေရရှိစေဖို့အတွက်” များစွာ အတားအဆီး ဖြစ်စေ တယ်လို့ ဘဏ္ဍာရေးအရာရှိ Bradley Smith က ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း ယီမင် အခြေစိုက် ဟူသီတွေကို အဓိက ပစ်မှတ်ထားပြီး ဆက်တိုက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ယီမင်နိုင်ငံ Sanaa မြို့အနီးရှိ ဆိပ်ကမ်းနဲ့ ရေနံစက်ရုံအနီးကို သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးလက်ထောက်အကြီးအကဲတစ်ယောက်က ပြောကြားထားပါတယ်။