ယီမင်အခြေစိုက် ဟူသီတွေကို အဓိက ပစ်မှတ်ထားပြီး ဆက်တိုက်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ကြာသပတေးနေ့အစောပိုင်းက ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ သေဆုံးသူ များပြားခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားထားပါတယ်။

ဒါ့အပြင် ယီမင်နိုင်ငံ Sanaa မြို့အနီးရှိ ဆိပ်ကမ်းနဲ့ရေနံစက်ရုံအနီးကို သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း အစ္စရေး လက်ထောက်အကြီးအကဲတစ်ယောက်က ပြောကြားထားပါတယ်။

အစ္စရေး တိုက်ခိုက်မှုတွေက မြို့တော်အနီးရှိ ဓာတ်အားပေးစက်ရုံတွေ၊ Hodeidah ဆိပ်ကမ်းနဲ့ ရေနံစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပျက်စီးဆုံးရှုံးမှုလည်း များပြားနေတယ်လို့ သိရပါတယ်။ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေဟာ ဟူသီတို့ရဲ့ ဒုံးကျည်တွေနဲ့ဒရုန်းတိုက်ခိုက်မှုတွေအတွက် ပြန်လည်တုံ့ပြန်တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။