ရုရှားနိုင်ငံမှာ ဇူလိုင် ၂၉ ရက်က ခရီးသည်တင်ရထားတစ်စင်းနဲ့ ရထားလမ်းဖြတ်ကူးတဲ့ ထရပ်ကားတစ်စီး တိုက်မိ ခဲ့ရာက ရထားတွဲ ၉ တွဲ လမ်းချော်သွားခဲ့ပြီး လူ ၁၄၀ ထက်မနည်း ထိခိုက်ခဲ့တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

လူပေါင်း ၈၀၀ တင်ဆောင်လာတဲ့ရထားက ရထားတွဲတချို့ မီးရထားသံလမ်းဘေးမှာ ချော်ကျ ပျက်စီးနေတာကို ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

မော်စကိုမြို့တောင်ဘက် ကီလို မီတာ ၁၂၀၀ အကွာက ကိုတန်နီကိုဗို ဘူတာအနီး တောင်ပိုင်း ဗိုဂိုဂရက်ဒေသမှာ မဆင်မခြင်ဖြတ်ကူးတဲ့ ထရပ် ကားကို ရထားက တစ်နာရီ မိုင် ၄၀ နှုန်းလောက်နဲ့တိုက်မိပြီး တွဲတွေ လမ်းချော်ခဲ့တာပါ။

တာရာစတန်ပြည်နယ်၊ ကာဇန်ကနေ ထွက်ခွာလာပြီး အက်ဒ်လာကို ဦးတည်နေတဲ့ရထားလို့ အရေးပေါ် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါ တယ်။ အရေးပေါ်သုံး ရဟတ်ယာဉ်တွေနဲ့ ဆေးမှူးတွေအပါအဝင် အရေးပေါ်ဝန်ထမ်း ၃၀၀ ကျော်ဟာ အခင်း ဖြစ်နေရာမှာ ကူညီပေးခဲ့ရပြီး ခရီးသည် ၁၅ ယောက်ကို ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။