ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီးကြီး ထရွန်မိုင်လန်ဟာ ကမ္ဘာ့အကြီးဆုံး ဘဏ်လိမ်လည်မှုကို ကျူး လွန်ခဲ့တဲ့အတွက် ဧပြီလမှာ ချမှတ်ခံခဲ့ရတဲ့ သေဒဏ်ကိုအယူခံဝင်ထားပြီး အခုအဲဒီအယူခံကို ကြားနာတော့မှာ ဖြစ်ပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထရွန်မိုင်လန်ဟာ ဗီယက်နမ်မှာ အလွန်နည်းပါးတဲ့ ကော်လာဖြူ ရာဇ၀တ်မှုနဲ့ သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။
ထရွန်မိုင်လန်ဟာ နိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ငွေချေးသူဖြစ်တဲ့ ဆိုင်ဂုံကူးသန်းရောင်းဝယ်ရေးဘဏ်ကို လျှို့ ဝှက်ထိန်းချုပ်ထားပြီး ကုမ္ပဏီတုတွေကတစ်ဆင့် ငွေသားတွေနဲ့ ချေးငွေတွေ စုစုပေါင်း ဒေါ်လာ ၄၄ ဘီလီယံ ထုတ်ယူခဲ့တာကို တွေ့ရှိခဲ့လို့ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။ သူမဟာ ဒေါ်လာ ၂၇ ဘီလီယံကို အလွဲသုံးစားလုပ်ခဲ့ပြီး ဒေါ်လာ ၁၂ ဘီလီယံကို ခိုးယူခဲ့တဲ့ အဆိုးရွားဆုံး ဘဏ္ဍာရေးရာဇ၀တ်မှု ကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောထားပါတယ်။

ဒါပေမဲ့ ဗီယက်နမ်ဥပဒေအရ ခိုးယူထားတဲ့ငွေ ၇၅ ရာခိုင်နှုန်းကို ပြန်ပေးနိုင်ရင် သေဒဏ်အစား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ပါတယ်။ ဒါကြောင့် ထရွန်မိုင်လန်ရဲ့ရှေ့နေတွေက သူမဟာ လိုအပ်နေတဲ့ ဒေါ်လာ ၉ ဘီလီယံကို ရှာဖွေဖို့ တတ်နိုင်သမျှ မြန်မြန်လုပ်ဆောင်နေပေမယ့် ပိုင်ဆိုင်မှုတွေကို ငွေဖော်ဖို့ ခက်ခဲ နေတယ်လို့ ဆိုပါတယ်။ အလှကုန်ရောင်းချသူအဖြစ် ဟိုချီမင်းမှာစတင်ခဲ့ပြီး ဗီယက်နမ်စီးပွားရေး ပြုပြင်ပြောင်း လဲမှုနဲ့အတူ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်လာတဲ့ ထရွန်မိုင်လန်နဲ့အတူ လုပ်ငန်းရှင် ၈၀ ကျော်ဟာ ဘဏ္ဍာရေး ရာဇ ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။