ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က သိမ်းမြစ်ပေါ်က ပွတ်နေး တံတားနဲ့ ဝန်(စ်)ဝေါ့သ် ပန်းခြံရှိရာကြား မြစ်ထဲမှာ လမ်းမှားပြီး ဝင်ရောက်လာတဲ့ လင်းပိုင်းတစ်ကောင်ကို ရှားပါးဖြစ်စဉ်အဖြစ် ကြာသပတေးနေ့က မြင်တွေ့ခဲ့ရပါတယ်။
အဲဒီလို လင်းပိုင်တစ်ကောင် လမ်းမှားပြီး သိမ်းမြစ်ညာပိုင်းထဲထိ ဝင်လာတာဟာ ဒုက္ခတစ်ခုခု ကြုံတွေ့လာရတာကို ညွှန်ပြတဲ့သဘောရှိတယ်လို့ ဗြိတိန် အဏ္ဏဝါအသက်များ ကယ်ဆယ်ရေး ရေငုပ်အဖွဲ့က ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။

အခုနှစ် တစ်နှစ်ထဲမှာတင် အနည်းဆုံ့း လင်းပိုင် ၅ ကောင်ဟာ သူတို့ သွားလာကျက်စားရာ ရေပြင်ကနေ သိမ်းမြစ်ထဲကို ကျော်လွန် ဝင်ရောက်လာတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ အဲဒီထဲက လန်ဒန်မြို့လယ်နား မြစ်ထဲအထိ ဝင်လာတဲ့ လင်းပိုင် ၃ ကောင်ကတော့ အသက်သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။