ရာသီဥတုပြောင်းလဲမှုအရှိန်မြှင့်လာနေချိန်မှာ မျှော်လင့်ချက်တွေ မကုန်ဆုံးဘဲ အသစ်မွေးဖွားလာစေဖိုရည်ရွယ်ပြီး ဗြိတိန် ကျောင်းသူ ကျောင်းသား ဘဲလေးအကသမားတစ်စုဟာ သိမ်းမြစ်ကမ်းဘေးမှာ ဗုဒ္ဓဟူးနေ့က ဘဲလေးအက ကခဲ့ကြပါတယ်။
အဲဒီကပြမှုကို လန်ဒန် ဗဟို ဘဲလေးအက သင်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေက ပါဝင်ကပြခဲ့တာဖြစ်ပြီး လန်ဒန်မြိုတော်ရဲ့ ရာသီဥတုအရေး ရက်သတ္တတပတ် လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ကပြခဲ့တာလည်း ဖြစ်ပါတယ်။
ရာသီဥတုအရေးကို ဖြေရှင်းဆောင်ရွက်ဖို လူတစ်ဦးချင်းစီမှာ မျှော်လင့်ချက် စိတ်ကူးဆန္ဒတွေ လိုတယ်ဆိုတာကို ပြည်သူတွေ မမေ့စေဖို အသိပေးတဲ့အနေနဲ့ ကပြခဲ့တာဖြစ်တယ်လို ကပွဲ စီစဉ်သူတွေက ပြောပါတယ်။
