အီရန်သမ္မတ အီဘရာဟမ် ရိုင်စီ သေဆုံးမှုဟာ အီရန်ဘာသာရေးခေါင်းဆောင်တွေရဲ့ အဓိပတိကြီး အလီ ခါမေနီနဲ့ အစိုးရတစ်ရပ်လုံးကို ကြီးမားစွာ ထိခိုက်တဲ့ မဟာဗျူဟာမြောက် ထိုးနှက်ချက်ဖြစ်တယ်လို့ အီရန် အတိုက်အခံခေါင်းဆောင်က ပြောပါတယ်။ ပါရီမြို့မှာ ပုန်းအောင်းနေတဲ့ အီရန်ခုခံရေး အမျိုးသားရေးကောင်စီခေါင်းဆောင် မာယမ် ရာဂျာဗီက အသံဖိုင် ထုတ်ပြန်ချက်တစ်ရပ်ကို ရိုက်တာသတင်းဌာနဆီ ပေးပိုခဲ့ပါတယ်။
ရိုင်စီ သေဆုံးမှုဟာ ဘာသာရေးခေါင်းဆောင်က အကြွမ်းမဲ့အုပ်ချုပ်တဲ့ စနစ်အတွင်းမှာ အကျိုး ဆက်တွေနဲ့ အကျပ်အတည်းတွေ ဆက်တိုက်ပေါ်ပေါက်လာမှာဖြစ်ပြီး လူငယ်တွေ တက်ကြွစွာ ဆန့်ကျင်လုပ်ဆောင်ဖို့ အားတက်စရာ ဖြစ်လာလိမ့်မယ်လို့ ရာဂျာဗီက ပြောပါတယ်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအုပ်စု ICG က အီရန်အရေးကျွမ်းကျင်သူ အလီဗာအက်ဇ်ကလည်း အီရန်နဲ့ လက်ရှိ နိုင်ငံခြားရေးမူဝါဒဟာ မပြောင်းမလဲ ဆက်လက်တည်ရှိနေပေမယ့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ပြီး ရှေးရိုးစွဲအုပ်စုတွေအကြား ပြိုင်ဆိုင်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို ဆက်ခံမယ့်သူလို့ ယူဆကြတဲ့ သဘောထားတင်းမာတဲ့ ရိုင်စီဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တောင်တန်းတွေမှာ ရာသီဥတုဆိုးရွားမှုကြောင့် ရဟတ်ယာဉ်ပျက်ကျပြီး နောက် ကွယ်လွန်သွားတယ်လို့ တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။