စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol (ယွန်းဆော့ယိုးလ်)ကို ဖမ်းဆီးဖို့အတွက် ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းက တောင်ကိုရီးယား စုံစမ်းစစ်ဆေးသူတွေ ရောက်ရှိလာကြောင်း CNN သတင်းမှာ ရေးသားလာပါတယ်။

သမ္မတ Yoon Suk Yeol နေအိမ်ခြံဝင်းအတွင်းကို သောကြာနေ့ မနက်အစောပိုင်းက ဖမ်းဝရမ်း ထုတ်ဖို့ အတွက် ရာနဲ့ချီတဲ့ အစိုးရရှေ့နေတွေ စုရုံးရောက်ရှိနေတာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်အနီးမှာ သက်ဆိုင်ရာရဲအရာရှိ အများအပြား ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် အများအပြားလည်း အခုအချိန်အထိ ရှိနေတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြောပါတယ်။

Yoon ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကတည်းက တောင်ကိုရီးယား တရားရုံးတစ်ရုံးက ဖမ်းဝရမ်း ထုတ်ဖို့ အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်က တောင်ကိုရီးယားမှာ သမ္မတတစ်ယောက်ကို ပထမဆုံး အကြိမ်အဖြစ် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။