ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖိုအပြင် ဝါရှင်တန်နဲ့ ဆက်ဆံရေး ပြန်လည်စတင်ဖို သဘောတူညီချက်အတွက် တောင်းဆိုချက်စာရင်းကို ရုရှားက အမေရိကန်ထံ တင်ပြခဲ့ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်သူနှစ်ဦးက ပြောကြားထာကြောင်း Reuters ကရေးသားထားပါတယ်။လက်ရှိမှာ ရုရှားဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို ဆန္ဒရှိမရှိကို ရှင်းရှင်းလင်းလင်းတော့မသိရသေးပါဘူး။ ပြီးခဲ့တဲ့သီတင်းသုံးပတ်အတွင်းက ရုရှားနဲ့ အမေရိကန် တာဝန်ရှိသူတွေ ကိယက်ဗ်အတွက် စည်းကမ်းချက်တွေကို ဆွေးနွေးခဲ့တယ်လိုသိရပါတယ်။

တာဝန်ရှိသူတွေဆွေးနွေးခဲ့တဲ့ စည်းကမ်းချက်တွေမှာ ကိယက်ဗ်ဟာ နေတိုးအဖွဲဝင်မဟုတ်တာ၊ ယူကရိန်းမှာ နိုင်ငံခြား တပ်တွေ ချထားခြင်းမပြုဖို အပြင် ခရိုင်းမီးယား နဲ့ယူကရိန်းရှိ အခြားပြည်နယ် ၄ ခုကို ရုရှားက ပိုင်ဆိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင် ပြောကြားချက်ကို နိုင်ငံတကာအသိအမှတ်ပြုမှု စတာတွေ ပါဝင်ပါတယ်။

တစ်ဖက်မှာလည်း ရုရှား-ယူကရိန်း စစ်ပွဲမှာ ရက် ၃၀ ကြာ အပစ်ရပ်ဖို အမေရိကန်ပြည်ထောင်စုက အဆိုပြုထားပြီး ယူကရိန်းအရေးအတွက် G7 အစည်းအဝေးကျင်းပဖို ရှိနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အပစ်ရပ်ရေးက ရုရှားအပေါ် မူတည်နေတယ်လို မတ်လ ၁၂ရက်နေ့က အိမ်ဖြူတော်မှာ ပြောလိုက်ပါတယ်။ ရုရှားဆီက အပစ်အခတ်ရပ်စဲရေး ရနိုင်မယ်လို မျှော်လင့်ထားကြောင်းလည်း သမ္မတ ထရမ့်က ပြောပါတယ်။ယူကရိန်းသမ္မတဇယ်လန်းစကီးကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပထမခြေလှမ်းအဖြစ် လက်ခံမယ်လို မတ်လ၁၂ရက်နေ့က ပြောကြားခဲ့ပြီး ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအပေါ် ပူသမ္မတတင်ဘက်က ပြန်လည်တုံပြန်မယ့် စကားကို အမေရိကန်သမ္မတထရမ့်ကလည်း စောင့်မျှော်နေတာဖြစ်ပါတယ်။