ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ဝါဆောမြို့တော်မှာရှိတဲ့ အထိမ်းအမှတ် နေရာ သုံးခုမှာ ဗုဒ္ဓဟူးနေ့က လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုတာတွေ လုပ်ခဲ့ပါတယ်။
ဧည့်သည်တော် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ပိုလန်ရောက် အိန္ဒိယနိုင်ငံသားတွေက အိန္ဒိယအလံတွေ ကိုင်ဆောင်ဝှေ့ယမ်း ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး မိုဒီရဲ့ နာမည်ကို ဟစ်ကြွေးခဲ့ကြပါတယ်။
မိုဒီဟာ ဒုတိယကမ္ဘစစ်အတွင်းက ပိုလန်ကလေးငယ်တွေကို ခိုလှုံခွင့် ပေးပြီး စောင့်ရှောက်ခဲ့သူ နာဝါနာဂါ ဂျမ်ရှာဟတ်ရဲ့ အထိမ်းအမှတ်ဗိမာန်၊ မွန်တေး ကာဆီနို တိုက်ပွဲ အမှတ်တရ ဂူဗိမာန်နဲ့ ကိုလ်ဟာပူရ်မိသားစု အထိမ်းအမှတ်နေရာတွေမှာ လွမ်းသူ့ပန်းခွေချခဲ့တာပါ။

မစ္စတာ မိုဒီဟာ ယူကရိန်း နိုင်ငံကို မသွားခင် ကြာသပတေးနေ့မှာ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်(စ်)၊ သမ္မတ အန်ဒရေ့(ဂျ်) ဒူဒါတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
မိုဒီက သူ့အနေနဲ့ ကိယက်ဗ် ခရီးစဉ်အတွင်း ယူကရိန်းနဲ့ ရုရှားအကြား ပဋိပက္ခအပေါ် ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ ပတ်သက်ပြီး တူညီတဲ့ အမြင်တွေကို မျှဝေဆွေးနွေးသွားမယ်လို့ ပြောကြားထားပါတယ်။
မိုဒီရဲ့ အခု ယူကရိန်းခရီးစဉ်ဟာ မော်စကိုမြို့တော်ကို သွားရောက်ခဲ့ပြီးနောက် တစ်လအကြာမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။