ကနေဒါနိုင်ငံမှာ ရထားဝန်ထမ်း (၉၀၀၀) ဆန္ဒဖော်ထုတ်မှုနဲ့အတူ အဓိက ရထားလမ်းကြီးနှစ်ခု ပိတ်ဆို့ ရပ်တန့် သွားတဲ့နောက် ရထားခရီးစဉ်တွေ ပြန်ပြေးဆွဲနိုင်ဖို့အတွက် အစိုးရအနေနဲ့ အဖြေရှင်း ကိုင်တွယ်ဖို့ စီးပွားရေး ထိပ်သီးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။

ကနေဒါအစိုးရအနေနဲ့ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ ခုံသမာဓိ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ ဒါမှမဟုတ် အဖြေတစ်ရပ်ရပ်ကို အဆိုပြုဖို့ စီးပွားရေး လုပ်ငန်းရှင်တွေက တိုက်တွန်းနေတာပါ၊ ကနေဒါအမျိုးသား ရထားလိုင်းနဲ့ Teamsters(တီးမ်စတား)သမဂ္ဂတို့ဟာ သဘောတူမှုတစ်ခု ရရှိအောင် မလုပ်နိုင်တဲ့နောက် လုပ်ငန်းခွင် ရပ်ဆိုင်းမှုဖြစ်ခဲ့ရတာပါ။ အဲဒီအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန် အလှန် အပြစ်ဖို့ နေကြပါတယ်။

အဲဒီလို ရထားလုပ်ငန်းခွင် ရပ်ဆိုင်းမှုကြောင့် ဖြစ်လာမဲ့ အကျိုးဆက်တွေအပေါ် မှာ စိုးရိမ်ပူပန်ကြောင်းနဲ့ အဲဒီရထားလုပ်ငန်းခွင် ရပ်ဆိုင်းမှု ပြီးဆုံးသွားခဲ့ရင်တောင် ပြန်ကုစားဖို့အတွက် အချိန် အတော်လေး ယူရဖွယ်ရှိကြောင်း လွတ်လပ်တဲ့ စီးပွားရေးလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဒန်းကယ်လီ က ပြောပါ တယ်။

မွန်ထရီးရယ်မြို့မှာ Teamsters Canada ရဲ့ ဥက္ကဋ္ဌ ဖရန်ဆွာ လာပေါ့တေး က ဆန္ဒဖော်ထုတ်တဲ့ အလုပ် သမားတွေကို ရထားသံလမ်းတွေထက်မှာ လိုက်လံ စည်းရုံးနေတာကို တွေ့ရပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်က တိုက်တွန်းလာတဲ့နောက် နိုင်ငံတစ်ဝန်း ရထားလမ်းတွေ ရပ်ဆိုင်းကုန်ရတဲ့ဖြစ်စဉ်ကို အဆုံးသတ်နိုင်ရေး အတွက် စက်မှုလုပ်ငန်းကဏ္ဍဆက်ဆံရေးဘုတ်အဖွဲ့ကို လုပ်ငန်းခွင်ပြန်ဝင်ရေး ညွှန်ကြားချက်တစ်ခု ထုတ်ပြန် သွားဖို့ ကနေဒါအစိုးရဘက်က အလျင်အမြန် ညွှန်ကြားလာခဲ့ပါတယ်။