အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ စက်ရုပ်လုပ်ငန်းနယ်ပယ်ကြီးကို ထိုးဖောက်နိုင်ဖို့အတွက် OpenAI ဟာ လူသားပုံတူစက်ရုပ်တွေဖန်တီးဖို့ ပြင်ဆင်နေပါတယ်။လူသားပုံစက်ရုပ်တွေဖန်တီးမယ့် နယ်ပယ်ကို စွန့်စားဖို့ပြင်ဆင်နေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

လူသားဆန်တဲ့ စက်ရုပ်တွေဖန်တီးပြီး စက်ရုံတွေ၊ ဂိုဒေါင်လည်ပတ်မှုတွေနဲ့ အခြားစက်မှုလုပ်ငန်းတွေမှာ ကျယ်ပြန့်စွာအသုံးချနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းစက်ရုပ်တွေထုတ်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် စက်ရုပ်ဌာနခွဲကို ပိတ်သိမ်းပြီး အခုအခါ ကုမ္ပဏီက စက်ရုပ်တွေထုတ်လုပ်မယ့်လုပ်ငန်းကို ပြန်လည်အသက်သွင်းနေတာဖြစ်ပါတယ်။

OpenAI ဟာ အခုလို စက်ရုပ်တွေ ဖန်တီးပြီး ပြန်လည်အားဖြည့်ပေးရုံအတွက် ထိပ်တန်းစက်ရုပ်ကုမ္ပဏီတွေမှာ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများစွာလည်းပြုလုပ်ခဲ့ပါသေးတယ်။