ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ လာဟိုးမြို့မှာ စံချိန်တင် မုတ်သုံမိုးရွာပြီးတဲ့နောက် ကြာသပတေးနေ့ က ရေကြီးရေလျှံမှုတွေ ဖြစ်နေလို့ ရေဖုံးလွှမ်းနေတဲ့ လမ်းတွေမှာ မော်တော်ဆိုင်ကယ်တွေဟာ ခဲရာခက်ဆစ် မောင်းနှင်သွားလာခဲ့ရပါတယ်။
ရေမြောင်းတွေက ရေတွေနဲ့ မိုးကြီးလို့ တက်လာတဲ့ ရေတွေက လူနေအိမ်တွေထဲ ဝင်ရောက်ကုန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေကြီးရေလျှံနေတဲ့ လမ်းတွေမှာပဲ ကလေးငယ်တွေ ရေတောထဲဖြတ်ပြီး သွားလာနေကြရပါတယ်။
မြို့ရဲ့ ဂါဒါဖီ အားကစားရုံဘေးမှာလည်း ရေတွေ ဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။

မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးတဲ့နောက်မှာ လာဟိုးမြို့ရဲ့ လမ်းတွေနဲ့ အဝေးပြေးလမ်းမကြီးတွေ ရေမြုပ်သွားခဲ့ရပြီး ရေအရင်းအမြစ်နဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဝန်ထမ်းတွေဟာ လမ်းပေါ်ကရေတွေကို စုပ်ထုတ်ဖယ်ရှားမှုတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။
လာဟိုးမြို့မှာ ၃ နာရီအတွင်း မိုးရေချိန် ၁၄ လက်မ ရွာချခဲ့ပြီး နှစ်ပေါင်း (၄၀)ကျော်အတွင်း အများဆုံးမိုးရေချိန်အဖြစ် စံချိန်ချိုးသွားခဲ့တယ်လို့ ပါကစ္စတန် မိုးလေ ဝသဌာနက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်(၁)ရက်နေ့ကနေ ဩဂုတ် (၆)ရက်နေ့အထိ ပါကစ္စတန်မှာ မုန်တိုင်းမိုး နဲ့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်မယ်လို့လည်း ပါကစ္စတန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။