အမေရိကန် နောက်ခံပြု လက်ဘနွန် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောထားတင်းမားတဲ့ အစ္စရေး ဝန်ကြီးတွေက ပယ်ချလိုက်ချိန်မှာ စက်တင်ဘာ ၂၆ ရက်က နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဒုံးကျည်အများအပြားကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားခဲ့ရပါတယ်။
ဂါဇာက ပါလက်စတိုင်းဟားမာ့စ်နဲ့ ညီညွတ်မှုပြတဲ့အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာက နေ့စဉ် ပစ်ခတ်မှုတွေကြောင့် အစ္စရေးမြောက်ပိုင်းက လူ ၇၀၀၀၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။
အဲဒီလူတွေကို နေရင်း ပြန်ခွင့်ပြုခဲ့ပြီး အစ္စရေးဟာ မြောက်ပိုင်းနယ်စပ်လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်နေပါတယ်။
စက်တင်ဘာ ၂၃ ရက်ကတည်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ ပြင်းထန်လာခဲ့ပြီး လက်ဘနွန်မှာ ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ် နောက်ပိုင်း တစ်ရက်တည်း လူပေါင်း ၅၅၀ ကျော်အထိ သေဆုံးခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ် နောက်ခံပြု ထားသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို တုံ့ပြန်ခြင်းမရှိသေးဘဲ တန်ပြန်တိုက်ခိုက်ဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ နယူးယောက်ကို ရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါ တယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာ့တ်ဇ် အပါအဝင် အစိုးရအတွင်း သဘောထားတင်းမာသူတွေ ကတော့ အပစ်အခတ်ရပ်စဲရေးကို ပယ်ချပြီး ဟစ်ဇ်ဘိုလာတွေ လက်နက်ချတဲ့အထိ ဆက်လက်တိုက်ခိုက်သင့်တယ်လို့ ပြောပါတယ်။
လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး မကြာမီ ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီက ထုတ်ဖော်ပြောဆိုပြီးနောက်မှာတော့ လူထောင်ပေါင်းများစွာ ဘေးကင်းရာကို ထွက်ပြေးခဲ့ကြရပါတယ်။