CR450 ရှေ့ပြေးပုံစံ မြန်နှုန်းမြင့်ရထားကို တရုတ်က မိတ်ဆက်ထုတ်ဖော်ပြသလိုက်ပါတယ်။

မကြာသေးမီက ဒီဇိုင်းထုတ်ထားတဲ့ CR450 EMU ရှေ့ပြေးပုံစံ မြန်နှုန်းမြင့် ကျည်ဆန်ရထား မော်ဒယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဘေဂျင်းမြို့မှာ မိတ်ဆက်ခဲ့တာပါ။
တစ်နာရီကို ကီလိုမီတာ ၄၀၀ အမြန်နှုန်းနဲ့ လည်ပတ်နိုင်ဖို့ မျှော်မှန်းထားပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးရထားဖြစ်လာမယ်လို့လည်း သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားထားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေနဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးနဲ့ အဆင့်မြင့်ဆုံး မြန်နှုန်းမြင့်ရထားကွန်ရက်ကို တည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါမြန်နှုန်းမြင့်ရထားက ခရီးသွားလာချိန်ကို ပိုမို တိုတောင်းစေပြီး ချိတ်ဆက်မှု ပိုမိုကောင်းမွန်စေကာ ခရီးသည်တွေ အတွက် များစွာအဆင်ပြေချောမွေ့မှုကိုပေးစွမ်းနိုင်မှာဖြစ်တယ်လို့ China State Railway Group Co ကပြောကြားထားပါတယ်။