တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က နော့တ်ဘုန်းမှာ စိုက်ထူပြသထားတဲ့ စူပါးမွန်း သရုပ်ဖော် ပန်းပုလက်ရာကို လူအများ အပြား စနေနေ့ ညပိုင်းက လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။
အဲဒီပန်းပုလက်ရာကို မကြာခင် ကျရောက် လာတော့မဲ့ ဆောင်းဦးရာသီပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ ထုလုပ်ပြီး ခင်းကျင်းပြသခဲ့တာပါ။

အနုပညာရှင် KAWS ရဲ့ လက်ရာဖြစ်ပြီး ဇာတ်ကောင်ရုပ်လေးဟာ ထိန်ထိန်လင်းနေတဲ့ လမင်းကို ရင်ဘတ်ပေါ်မှာတင်လို့ ရှန်ဟိုင်းညရဲ့ မဟူရာ ကောင်းကင်ယံကို လှမ်းမျှော်ကြည့်နေလေဟန် တုပထုဆစ်ထားတဲ့ လက်ရာဖြစ်ပါတယ်။
အဲဒီလက်ရာက ကမ္ဘာ့လှည့်ခရီးသွားတွေကိုသာမကဘဲ ဒေသခံတွေကိုပါ ဆွဲဆောင်နိုင်ခဲ့လို့ လက်ရာ ပြသထားရာ နော့တ်ဘုန်းမှာ လူသူ ပြည့်ကျပ်နေခဲ့တာကို အခုလို တွေ့ရပါတယ်။