ရှန်ဟိုင်းမြို့မှာ အပူလှိုင်းအန္တရာယ်ဆိုင်ရာ အနီရောင်အဆင့်သတိပေးချက်ကို ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်း မြို့တော် မိုးလေဝသဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆင့်သတ်မှတ်ချက် (၃)မှာရှိတဲ့ အနီရောင်အဆင့် သတိပေးချက်ဟာ အဆင့် သုံး ဆင့်ပါတဲ့ သတိပေးစနစ်မှာ အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့တော်တစ်ခွင်မှာ နေ့အပူချိန်တွေ (၄၀) ဒီဂရီ ဆဲလ်စီးယပ်စ်ထိရောက်အောင် ခုန်တက်လာတဲ့နောက်မှာ အခုလို အပူလှိုင်းအန္တရာယ်ဆိုင်ရာ အမြင့်ဆုံး သတိပေးချက်ကို ထုတ်ပြန်ခဲ့တာပါ။

အပူဒဏ်ကြောင့် ရှန်ဟိုင်း ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ အရိပ် ၊ အမိုးအကာအောက်မှာ ခိုလှုံကြပြီး ရေပန်းတွေမှာလည်း ရေဖျန်းခံပြီး အအေးခံတာတွေ လုပ်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အပူဆုံးလကို ပြီးခဲ့တဲ့ ဇူလိုင်မှာ ကြုံတွေ့ခဲ့ရပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာလည်း ယန်ဇီမြစ်ဝှမ်းဒေသမှာ နေ့အပူချိန်တွေဟာ ဆက်လက် မြင့်တက်နေပြီး ရှန်ဟိုင်း ၊ နန်နင်း ၊ ဟန်ကျိုးနဲ့ တခြား ပြည်နယ်မြို့တော်တွေမှာ လာမဲ့ ခုနစ်ရက် အတွင်း နေ့အပူချိန်တွေ မြင့်မားလို့ အပူဒဏ်ကို ဆက်လက် ရင်ဆိုင်ရမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ကြပါတယ်။