တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်ရဲ့ အထက်ကောင်းကင်ပြင်မှာ အင်္ဂါနေ့ မနက်ပိုင်းက လှပတဲ့ ရောင်စုံ အလင်း တန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

အဲဒီ ရောင်စုံအလင်းတန်းတွေဟာ အားကောင်းတဲ့ နေအတွင်းမှာ ဖြစ်ပေါ်တဲ့ ဘူမိသံလိုက် မုန်တိုင်းရဲ့ အရှိန်ကြောင့် ဖြာထွက်လာတဲ့ အလင်းတွေပဲဖြစ်ပါတယ်။

နိုင်ငံတကာ အာကာသစခန်း (ISS)က လေကြောင်းပျံသန်းမှုဆိုင်ရာ အင်ဂျင်နီယာ မက်သယူး ဒိုမီနစ်ခ်က အဲဒီအလင်းတန်းတွေကို မှတ်တမ်း တင်ထားတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုမှာလည်း လကမ္ဘာရဲ့ ထက်ဝန်းကျင်မှာ တောက်ပတဲ့ အနီရောင်နဲ့ အစိမ်းရောင်အလင်းတန်းတွေ ဖြာထွက်နေတာကို အခုလို တွေ့ရပါတယ်။