ပနားမားအာဏာပိုင်တွေဟာ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀ ပါအုပ်စုတစ်ခုကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ရွှေ့ပြောင်းတွေကို လေကြောင်းနဲ့ အီကွေဒေါနိုင်ငံ ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်ဟာ အမေရိကန်က ငွေကြေး ထောက်ပံ့တဲ့ ဒုတိယမြောက် လေကြောင်းခရီးစဉ် ဖြစ်ပါတယ်။
သြဂုတ် ၂၉ ရက်က ပြည်နှင်ဒဏ်ပေးခဲ့တဲ့ လေကြောင်းခရီးဟာ ပုံမှန်မဟုတ်တဲ့ ဖြတ်ကျော်မှုတွေကို တားဆီးဖို့နဲ့ အများစုက အမေရိကန်နယ်စပ်ကို ဦးတည်တဲ့ ရွှေ့ပြောင်းသွားလာမှုကို လျှော့ချဖို့ အမေရိကန်နဲ့ ပနားမားကြား သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအရ ဖြစ်ပါတယ်။
အီကွေဒေါနိုင်ငံသား ၃၀ ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ အီကွေဒေါကမ်းရိုးတန်းမြို့ မန်တာကို ထွက်ခွာသွားတာလို့ ပနားမား ရွှေ့ပြောင်းအရေးပေါ်ဌာနက ပြောပါတယ်။

လူသုံးများတဲ့ ဒါရီအန်ဂက်ပ် လမ်းကြောင်းက ရွှေ့ပြောင်းနေထိုင်မှု စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ရောက်ရှိလာသူတွေကို ပြည်နှင်ဒဏ် ပေးခဲ့တာလို့ ဆိုပါတယ်။
နှစ်စဉ် လူထောင်ပေါင်းများစွာဟာ ကိုလံဘီယာနဲ့နီးတဲ့ ပနားမားနယ်စပ်က အန္တရာယ် ရှိတဲ့ ဒါရီအန်းဂက်ပ်တောထဲကို ဖြတ်ကျော်ပြီး အမေရိကန်ကို သွားနေကြတာဖြစ်ပါတယ်။
ပနားမားနိုင်ငံထဲ ဝင်ရောက်တဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း သိသိသာသာ ကျဆင်းသွားတယ်လို့ သိရပါတယ်။