ရုရှားနဲ့ မြောက်ကိုရီးယား တို့ဟာ နှစ်နိုင်ငံ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နေတာဖြစ်ပြီး ဒီလို မဟာမိတ်ဖွဲ့မှုဟာ အလွန်ထိရောက်တဲ့ နည်းလမ်း ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

မြောက်ကိုးရီးယားနဲ့ ရုရှား စစ်ရေးမဟာမိတ်ပြုမှု ကို အမေရိကန် မဟာမိတ်တွေနဲ့ လက်အောက်ခံတပ်တွေ က ဆန့်ကျင် ရှုတ်ချနေကြတာဖြစ်ပါတယ် ။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ “ မြောက်နဲ့ ရုရှားကြား ပုံမှန် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး အနှစ်သာရဟာ လွဲမှားနေကြောင်း ရှုတ်ချပြောဆိုထားပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှား မဟာမိတ်ဖွဲ့မှုက ယူကရိန်းစစ်ပွဲကို ကြာရှည်စေပြီး ဥရောပနဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေး အခြေအနေ မတည်မငြိမ်ဖြစ်စေခြင်းအတွက် ပြစ်တင်ဝေဖန်ထားတာလည်းဖြစ်ပါတယ်။ဒါကို မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေကြောင့် အခုနှစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်တာဟာအလွန်ထိရောက်တယ်လို့ တန်ပြန်ပြောဆိုထားတာဖြစ်ပါတယ်။