ရုရှားနိုင်ငံ ကူ့စ်ဒေသထဲကို ယူကရိန်းတပ်တွေ ရှေ့တိုး ချီတက်နေတယ်လို့ ယူကရိန်း သမ္မတ ဇာလန်စကီးက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီ ရုရှားနယ်မြေထဲ ထိုးဖောက်တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ယူကရိန်းဟာ မဟာဗျူဟာမြောက် ရည်းမှန်းချက်တွေ ရရှိထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီအတွက် မဟာမိတ် တွေအနေနဲ့ ရုရှားအတွင်းပိုင်းထဲက ပစ်မှတ်တွေကို တာဝေးတိုက်ခိုက်မှုတွေ လုပ်ခွင့်ပြုဖို့လည်း ဇာလန်စကီးက ပန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စတင်ခဲ့တဲ့ ယူကရိန်းရဲ့ မျှော်လင့်မထားတဲ့ ထိုးဖောက်တိုက်ခိုက်မှုကြောင့် ကူ့စ်ဒေသထဲက ရုရှားပြည်သူ ထောင်နဲ့ချီ နေရပ်ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ရုရှား သမ္မတ ပူတင်ကတော့ အဲဒီယူ ကရိန်းရဲ့ ထိုးဖောက်တိုက်ခိုက်မှုဟာ မကြာခင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ ဆွေးနွေးပွဲတွေမှာ ယူကရိန်းရဲ့ အနေအထားကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်နေတဲ့ စစ်ဆင်ရေးလို့ မှတ်ချက်ပြုထားပါတယ်။