ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒီဆာ မြို့လယ်ကို ရုရှား ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ဦး ဒဏ်ရာရပြီး သမိုင်းဝင် အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။

အိုဒီဆာ မြို့လယ် မှာ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးသမားတွေက အမြန်ဆုံးကယ်ထုတ်ခဲ့ပြီး ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့ရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ယူကရိန်းတောင်ပိုင်း အိုဒီဆာမြို့လယ်မှာ လူသိများတဲ့သမိုင်းဝင်အဆောက်အဦးတွေဟာ ရုရှားတိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ ဆိပ်ကမ်းဧရိယာတွေဟာ မကြာခဏဆိုသလို ရုရှားဘက်က ပစ်မှတ်ထား တိုက်ခိုက်မှုလေ့ရှိတဲ့ နေရာတွေဖြစ်ပါတယ်။

လောလောဆယ် အိုဒီဆာ ရဲ့ သမိုင်းဝင်စင်တာမှာ ရုရှားအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦးပါဝင်တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ယူကရိန်းသမ္မတကတော့ ရုရှားရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ဝေဖန် ရှုတ်ချခဲ့ပြီး ဒါဟာ ကံကောင်းထောက်မစွာနဲ့ လူအသေအပျောက် မရှိခဲ့ဘူးလို့ ပြောပါတယ်။