ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒနိပရိုမြို့ကို ရုရှားတပ်ဖတွေက ကြာသပတေးနေ့ မနက်ခင်းမှာ တာလတ်ပစ် တိုက်ချင်း ပစ်ဒုံးကျည် အမျိုးအစားသစ်တစ်မျိုးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါ တယ်။ အဲဒီဒုံးကျည်ဟာ အိုရက်စနစ်(ခ်) ဒုံးကျည်ဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်-ပြင်သစ်လုပ် တာဝေးပစ် လက်နက် တွေကို ယူကရိန်းက အသုံးပြု ပစ်ခတ်မှုကို တုံ့ပြန်တာလို့ ပြောပါတယ်။
ဒါ့အပြင် ရုရှားကို တိုက်ခိုက်ဖို့ ရည်ရွယ် ချက်နဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုပစ်ခတ်ခွင့်ပေးခဲ့တဲ့ နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကိုလည်း ရုရှားအနေနဲ့ တိုက်ခိုက်နိုင်ကြောင်း ပူတင်က ပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့က အမေရိကန်ရဲ့ ATACMS နဲ့ ဗြိတိန်လုပ် Storm Shadow ဒုံကျည်တွေ အသုံးပြု ပစ်ခတ်ခွင့်ကို အခု အပတ်ထဲမှာ ယူကရိန်းကို ပေးအပ်ခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဇာလန်စကီးက ရုရှားရဲ့ အခု ဒုံးကျည်အမျိုးအစားသစ် အသုံးပြု တိုက်ခိုက်မှုဟာ ဒီစစ်ပွဲအပေါ် အတိုင်းအတာနဲ့ ပြင်းထန်မှုကို အရှိန်တင်လိုက်တာဖြစ်ပြီး ရုရှားမှာ ငြိမ်းချမ်းရေးကို စိတ်ဝင်စားမှု မရှိဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ ပြောပါတယ်။