ဘယ်လ်ဂျီယံ နိုင်ငံဘရပ်ဆဲလ်မြို့မှာ ယူကရိန်အရေး ကို အဓိကထားပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင်တွေ ၊ NATO အထွေထွေအတွင်းရေးမှူး တို့နဲ့ ယူကရိန်းသမ္မတ တို့ ဒီဇင်ဘာ ၁၈ ရက်က ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုအတွင်း လုံခြုံရေးအာမခံချက်အတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ တွန်းအားပေးမှုကို အားဖြည့်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ယူကရိန်းသမ္မတရဲ့ ထိပ်တန်းအစီအစဉ်တွေကတော့ လေကြောင်းရန်ကာကွယ်ရေး မြှင့်တင်ဖို့နဲ့ အခြားလက်နက်စနစ်တွေ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးဖို့တွေပါဝင်ပါတယ်။အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီးကျောက်နဲ့ ဒုံးကျည် ပေးပို့ခြင်းအပြင် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှု ပံ့ပိုးပေးရေးတို့အတွက် အရေးတကြီး ကြိုးပမ်းအားထုတ်မှုတွေ အရှိန်မြှင့်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင်သက်ဆိုင်ရာ နိုင်ငံ့ ခေါင်းဆောင်တွေက အလားအလာရှိတဲ့ စစ်ပြီးခေတ် ငြိမ်းချမ်းရေး မှာ ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ပြောကြားထားပါတယ်။ဥရောပသမဂ္ဂကလည်း ယူကရိန်းအတွက် နိုင်ငံရေး ပံ့ပိုးမှုကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။