ယီမင်နိုင်ငံ ဆာနာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးသွားပါတယ်။

အစ္စရေးတိုက်ခိုက်ချိန် ဆာနာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲနဲ့ အခြား ကုလသမဂ္ဂ ဝန်ထမ်းတွေလည်းရှိနေတယ်လို့ ယီမင်လေကြာင်း အာဏာပိုင်တွေကပြောကြားထားပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဆာနာ လေဆိပ်ကနေလေယာဉ်နဲ့ ပြန်လည်ထွက်ခွာဖို့ပြင်နေချိန်မှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောကြားထားပါတယ်။

အစ္စရေးဘက်ကတော့ တိုက်ခိုက်နေချိန်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ရှိမရှိကို အတည်ပြု ထုတ်ဖော် ပြောထားတာတော့မရှိသေးပါဘူး။ အစ္စရေးဘက်က အခုလို မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ကပြစ်တင်ဝေဖန်နေတာပါ။
လက်ရှိမှာ အစ္စရေးနဲ့ယီမင်အခြေစိုက် ဟူသီအဖွဲ့တွေ တင်းမာမှုက ပြင်းထန်နေပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း စစ်ပွဲအနိုင်ရပြီးမြောက်တဲ့အထိ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးပြောဆိုထားပါတယ်။