နီပေါနိုင်ငံမှာ ဇူလိုင် ၁၂ ရက်က မြေပြိုကျမှုကြောင့် ဘတ်စကားနှစ်စီး မြစ်တစ်စင်းထဲ ပြုတ်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အနည်းဆုံး ခရီးသည် ၆၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရှာဖွေမှုလုပ်ဆောင်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အများအပြားကို နီပေါ အာဏာပိုင်တွေက စုစည်းထားကြောင်း ပြောဆိုခဲ့ပါတယ်။ လမ်းပေါ်မှာ ယာဉ်ကြောတွေ ပိတ်ဆို့နေပြီး မြေပြိုတဲ့ နေရာက အပျက်အစီးတွေကို ဖယ်ရှားဖို့ မြေထိုးစက်တွေ ဖြန့်ကြက်ချထားခဲ့ရပါတယ်။

ကျောက်တုံးတွေနဲ့ ရွှံ့နွံ တွေ တောင်စောင်းတွေပေါ်က ကျမလာခင် ဘတ်စကားတွေပေါ်က ခုန်ချမှုကြောင့် အနည်းဆုံး ခရီးသည် သုံးယောက်ထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နီပေါနိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြေပြိုမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဇွန်လလယ်ကစတင်ပြီး အနည်းဆုံး လူ ၉၁ ယောက် သေဆုံးခဲ့ပါတယ်။

ဝန်ကြီးချုပ် ပွတ်ရှပါ ကာမာလ် ဒါဟာလ်က လူမှုကွန်ရက်ပေါ်မှာ သဘာဝဘေးအန္တရာယ် ထိခိုက်ခံရသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ထိရောက်တဲ့ ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရအေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။