ဘရာဇီးနိုင်ငံ အမေဇုန်ပြည်နယ် လာဘရီယာဒေသမှာ တောမီးလောင်ကျွမ်းမှုတွေ ကနေ ထွက်လာတဲ့ မီးခိုးတွေက လေထုထဲမှာ သောကြာနေ့က ပျံ့နေလို့ ကျန်းမာရေး ထိခိုက်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိမှာလည်း ဒေသခံတွေမှာ ခေါင်းကိုက်တာ ၊ မူးမော်တာ ၊ မျက်စိနာတာ နဲ့ အသက်ရှုမ၀တဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေခံစားနေရပါတယ်။

ဩဂုတ်လကုန်ပိုင်းတုန်းက အမေဇုန်မှာရှိတဲ့ မြူနီစီပယ်နယ်မြေ (၆၀) ကျော်မှာ ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှု နဲ့ တောမီးတွေကြောင့် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ရပါတယ်။

အမေဇုန်ဒေသမှာ အခုနှစ် ဩဂုတ်လထဲမှာ တောမီးဖြစ်စဉ် ၄ သောင်းနီးပါးအထိ ဖြစ်ပွားခဲ့ပြီး ဒါဟာ တောမီးဖြစ်စဉ် ၆၃၀၀၀ ကျော်ရှိခဲ့တဲ့ ၂၀၀၅ ခုနှစ်နောက်ပိုင်း အများဆုံးကာလဖြစ်တယ်လို့ ပြောပါတယ်။