ပဲရစ်မြို့သားတွေနဲ့ ခရီးသွားတွေဟာ ဇူလိုင် ၂၇ ရက်အစောပိုင်းမှာ ပြုလုပ်တဲ့ ပဲရစ်အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

အိုလံပစ်ပွဲ အခမ်းအနားနေရာအများစုမှာ မိုးသည်းထန်စွာရွာသွန်းနေပေမယ့် ကမ္ဘာကြီးရဲ့ မော်ကွန်းထိုးလောက်တဲ့ပွဲလို့ သီကျူးရင်း ရွှင်မြူးခဲ့ကြပါတယ်။

ကနေဒါအဆိုတော် ဆလင်းဒီယွန်ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့အတူ ပဲရစ်မြို့ရဲ့ အထင်ကရနေရာတွေကို ပေါင်းစည်းခြင်းက ပွဲကို အထူးတလည်ဖြစ်စေခဲ့တယ်လို့ ပရိသတ်တွေက ပြောဆိုခဲ့ပါတယ်။

ပြင်သစ်မြို့တော်ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာတချို့နဲ့အတူ ၆ ကီလိုမီတာအကွာက မြစ်ကမ်းစပ်မှာ ပြိုင်ဖက်တွေကို သင်္ဘောတွေနဲ့ ခေါ်ဆောင်သွာပြီး ရေပေါ်ပလက်ဖောင်းပေါ်မှာ အားကစားနည်းတချို့ကို ဖျော်ဖြေတင်ဆက်သူတွေက သရုပ်ပြခဲ့ကြပါတယ်။

ပြင်သစ်ယဉ်ကျေးမှု၊ ဖက်ရှင်နဲ့ သမိုင်းဆိုင်ရာ ဂုဏ်ပြုပွဲကို မြစ်ကမ်းနားမှာ ပရိသတ် ၃၀၀,၀၀၀ လောက်က လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြပြီး မိုးရွာသွန်းမှုကြောင့် ပရိသတ်အချို့ စောစီးစွာ ပြန်လည်ထွက်ခွာသွားပါတယ်။

အိုလံပစ်ဖွင့်ပွဲ မတိုင်ခင် မြန်နှုန်းမြင့် TGV ရထားလမ်းကွန်ရက်ကို နှောင့်ယှက်တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ပြင်သစ်နိုင်ငံတစ်ဝန်း ခရီးသွားလာမှု ကမောက်ကမဖြစ်စေခဲ့ပါသေးတယ်။
ဒါကြောင့် လုံခြုံရေးအတွက် ပြင်သစ်အာဏာပိုင်တွေ ခေါင်းခံခဲ့ရပေမယ့် အားကစားကွင်းအပြင်ဘက်မှာလည်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။