အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ပနားမားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် မိုင်ယာမီ ဒိတ် ကောင်တီ ကော်မရှင်နာ ကီဗင် မာရီနို ကာဘရီရာကို ခန့်အပ်လိုက်ပါတယ်။ ကီဗင်ဟာ အမေရိကန် ပထမ ဦးစားပေးရေး မူဝါဒအတွက် ခိုင်ခိုင်မာမာ အရေးဆို တိုက်ပွဲဝင်သူအဖြစ် ထရမ့်က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သူဟာ စီးပွားရေးကြီးထွားမှုကို တွန်းတင်ရာမှာနဲ့ နိုင်ငံတကာ မိတ်ဖက်ရှာဖွေ ဖွဲ့စည်းမှုတွေ အားကောင်း ရေး ဆောင်ရွက်ရာမှာ အဓိကကျသူ တစ်ယောက်လည်း ဖြစ်တယ်လို့ ရွေးကောက်ခံ သမ္မတထရမ့်က ချီးမွမ်းပြော ဆိုပါတယ်။ လူတွေက လက်တင်အမေရိကတိုက်ရဲ့ နိုင်ငံရေးနဲ့ ကီဗင်ကို သိပ်နားမလည်ကြဘဲ ကီဗင်ဟာ ပနားမားမှာ နိုင်ငံရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ကိုယ်စားပြုဖော်ဆောင်သွားလိမ့်မယ်လို့ ထရမ့်က သူရဲ့ Truth Social မှာ ရေးတင်ခဲ့ပါတယ်။

အခု ပနားမားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း ကြေညာ ချက်ဟာ ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် ပြောဆိုပြီး နှစ်ရက်ခန့် အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။