နိုင်ငံပိုင်လေကြောင်းလိုင်း ကြုံတွေ့နေရတဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကို စုံစမ်းစစ်ဆေးပြီးနောက် မလေး ရှားမြို့ပြလေကြောင်းအာဏာပိုင်က လေကြောင်းလိုင်းရဲ့ လေကြောင်းအော်ပရေတာလိုင်စင်သက်တမ်းကို သုံးနှစ်ကနေ တစ်နှစ်ကို လျှော့ချလိုက်ပါတယ်။
လေကြောင်းလိုင်းရဲ့ မိခင်ကုမ္ပဏီ Malaysia Aviation Group (MAG)က အခုလအစောပိုင်းမှာ ဝန်ဆောင်မှု အနှောင့်အယှက် ဖြစ်ခဲ့ရပြီးနောက် ပျံသန်းမှုနဲ့ လမ်းကြောင်းတွေကို အခုနှစ် ဒီဇင်ဘာလအထိ ယာယီလျှော့ချဖို့ စီစဉ်နေကြောင်း သြဂုတ် ၂၄ ရက်က ပြောခဲ့ပါတယ်။
လိုင်စင်သက် တမ်း လျှော့ချခံရတဲ့အတွက် လေကြောင်းလိုင်းဟာ တစ်နှစ်တစ်ခါ လုပ်ဆောင်ချက်တွေ တင်ပြပြီး လိုင်စင် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။

မလေးရှားမြို့ပြလေကြောင်းအာဏာပိုင်ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ မလေးရှား လေကြောင်းလိုင်းဟာ အားကောင်းတဲ့ ဝန်ထမ်းစုဆောင်းရေးအစီအစဉ်၊ ဘေးကင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းမှုအပေါ် ပိုမိုအာရုံစိုက်ရမယ့် အစီအစဉ်ကို ပြင်ဆင်ထားတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလော့က်က ပြောပါတယ်။
အဲဒီနှစ်က မလေးရှားလေကြောင်းလိုင်းစနစ်(MAS)ကို နိုင်ငံပိုင်ရန်ပုံငွေ လက်အောက်မှာ MAG ကုမ္ပဏီ အဖြစ် ၂၀၁၄ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။