မက္ကဆီကန်မူးယစ်ဆေးဝါးဘုရင် အစ္စမေလ် အဲလ်မာယို ဇမ်ဘာဒါနဲ့ သူ့ရဲ့အဖော်ဟောင်း ဝပ်ကွင်း အဲလ်ချာပို ဂုဇ်မန်းရဲ့ သားဖြစ်သူ ဂုဇ်မန်း လိုပက်ဇ်တို့ကို တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမှာ ဇူလိုင် ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ပြောဆိုခဲ့ပါတယ်။
ဇမ်ဘာဒါနဲ့ ဂုဇ်မန်း လိုပက်ဇ်တို့ကို သေစေတတ်တဲ့ ဖန်တနိုင်းထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုကွန်ယက်များ ထူထောင်မှု အပါအဝင် ဂိုဏ်းဖွဲ့ရာဇဝတ်မှုတွေနဲ့ အမေရိကန်မှာ စွဲချက်တင် ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူတို့နှစ်ဦးဟာ ပုဂ္ဂလိကလေယာဉ်တစ်စီးပေါ်က ဆင်းသက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။

ဇမ်ဘာဒါဟာ မက္ကဆီကိုသမိုင်းမှာ အလိုအရှိဆုံး လူကုန်ကူးသူတစ်ဦးလည်းဖြစ်ပြီး သူဟာ ဆင်နာလိုအာဂိုဏ်းကို အဲလ်ကာပိုနဲ့အတူ ပူးတွဲတည်ထောင်ခဲ့ပါတယ်။
အဲလ်ချာပိုဟာ ဖမ်းဆီးခံခဲ့ရတဲ့နောက် ၂၀၁၇ ခုနှစ်မှာ အမေရိကန်ကို လွှဲပြောင်းခံခဲ့ရပြီး လုံခြုံရေးအမြင့်ဆုံးထောင်မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရပါတယ်။
အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အမေရိကန်တွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်မှာ ဖန်တနိုင်းမူးယစ်ဆေးကြောင့်ဖြစ်တယ်လို့ သိရပါတယ်။