မက္ကဆီကိုနိုင်ငံ တက်တူးကွန်ဗင်းရှင်းမှာ တက်တူး ပညာရှင်တွေဟာ ဆေးမှင်ကြောင် တက်တူးထိုးတဲ့ အနု လက်ရာစွမ်းရည်ကို တနင်္ဂနွေနေ့က ပြသခဲ့ကြပါတယ်။
အဲဒီပွဲကို လာရောက်တဲ့ ပရိသတ်တွေဟာ ပြည်တွင်း ပြည်ပ တက်တူးပညာရှင်တွေနဲ့ ထိတွေ့ခွင့်ရပြီး အမျိုးအစားစုံလင်လှတဲ့ အနုပညာမြောက် တက်တူး ပုံစံတွေကို လည်း စမ်းသပ်ထိုးခွင့် ရခဲ့ကြပါတယ်။

အဲဒီပွဲမှာ လာရောက်အားပေးသူတွေနဲ့ တက်တူးပညာရှင်တွေဟာ တက်တူးတွေကို ဂရုပြုထိန်းသိမ်းတာ၊ ပုံနှိပ်ရိုက်ထုတ်တာနဲ့ စတူဒီယို စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်းအရာ တွေကိုလည်း ဆွေးနွေးဖလှယ်ခွင့်ရခဲ့ကြပါတယ်။