မအောင်မြင်တဲ့ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဘိုလီးဗီးယား စစ်ဗိုလ်ချုပ် ယွန်ဂျိုစ် ဇူနီဂါကို ဗုဒ္ဓဟူးနေ့ ညပိုင်း က လာပါ့ဇ်မြိုမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဘိုလီးဗီးယား သမ္မတ လူး၀စ္စ အားဆေက အာဏာ သိမ်းဖို ကြိုးပမ်းမှုကို ရှုတ်ချလိုက်ပြီး နိုင်ငံတကာက ဝန်းရံပေးကြဖို ဆော်ဩလိုက်ပြီးနောက် ဗိုလ်ချုပ် ယွန်ဂျိုစ် ဇူနီဂါ ကို ဖမ်းဆီးခဲ့တာပါ။
အဲဒီလို အဖမ်းမခံရခင်မှာ ဇူနီဂါ ဦးဆောင်တဲ့ တပ်ဖွဲတွေဟာ သမ္မတ နန်းတော်နဲ့ ကွန်ဂရက် လွှတ်တော်တို တည် ရှိရာ ပလာဇာ မူရီလို ရင်ပြင်မှာ စုရုံးမှု လုပ်ခဲ့ပြီးနောက် လာပါ့ဇ်မြိုက သမ္မတ နန်းတော်မှာရှိတဲ့ ဘိုလီးဗီးယား လက်နက်ကိုင်တပ်တွေ တပ်ရုပ်သွားခဲ့ပါတယ်။
နာရီအနည်းငယ်အကြာမှာ အဲဒီ ရင်ပြင်မှာ ရှိနေတဲ့ စစ်သားတွေ ကို ပြန်ရုပ်သိမ်းသွားပြီး ရဲတပ်ဖွဲက ရင်ပြင်ကို ပြန်ထိန်းချုပ်လိုက်တာကို ရိုက်တာ ရဲ့ မျက်မြင်သက်သေတွေက တွေ့မြင်ခဲ့ကြပါတယ်။
ဇူနီဂါကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
အဖမ်းမခံရခင် မီဒီယာတွေကို စကားပြောရာမှာ ဇူနီဂါက ပိုမိုထင်ပေါ်နာမည်ကြီးအောင် အာဏာသိမ်းဖို အားထုတ်မှုတစ်ခုလုပ်ဖို သမ္မတ အားဆေ ကိုယ်တိုင်က သူ့ကို ပန်ကြားခဲ့တယ်လို စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဘိုလီးဗီးယား လက်နက်ကိုင်တပ်ဖွဲအချိုရဲ့ မူမမှန်တဲ့ စုဖွဲမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် သမ္မတ အားဆေက စစ်ဘက်အကြီးအကဲ ရာထူးကို အသစ်ပြောင်းလဲခန့်အပ်မှု သမ္မတ နန်းတော်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတဟောင်းဖြစ်သူ လက်ဝဲဝါဒီ အီဗို မိုရေးလ် ဟာ သူ့ရဲ့ မဟာမိတ်ဟောင်းဖြစ်သူ လက်ရှိ သမ္မတ အားဆေကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် အာဏာရ ဆိုရှယ်လစ် ပါတီတွင်းမှာ သဘောထားကွဲလွဲမှု ကြီးကြီးမားမားပေါ်ပေါက်နေတဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် တင်းမာမှု တွေ အရှိန်မြင့်တက်လာပြီး နိုင်ငံရေး မသေချာမရေရာမှုလည်း ပိုမိုကြီးထွားလာနေပါတယ်။
