ထင်ရှားတဲ့ အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်နဲ့ ရှေးဟောင်းပစ္စည်းများဆိုင်ရာ ဝန်ကြီးဟောင်း ဇာဟီ ဟာဝက်စ်က ဘာလင်မြို့ နိုင်းအက်စ်ပြတိုက်က ရှေးဟောင်း အီဂျစ်မိဖုရား နာဖာတီတီရဲ့ ရုပ်တုကို အီဂျစ်ဆီ ပြန်လည်ပေးအပ်ဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ကျော်ကြားတဲ့ နီဖာတီတီရဲ့ ထုံးကျောက်ဆေးခြယ် အပေါ်ပိုင်း ရုပ်တုကို ကိုင်ရိုမြို့တောင်ဘက် ကီလိုမီတာ ၃၀၀ ဝန်းကျင်ရှိ တဲလ်အီလ်အမာနာမှာ ၁၉၁၂ ခုနှစ်က ဂျာမန် ရှေးဟောင်းသုတေသီတွေက တူးဖော်တွေ့ရှိခဲ့ပြီး နောက်နှစ်မှာ ဘာလင်မြို့ကို ပို့ဆောင်ခဲ့ပါတယ်။
အမာနာဟာ ဘီစီ ၁၃၃၅ လောက်အထိ စိုးစံခဲ့တဲ့ ၁၈ ဆက်မြောက် ဖာရိုးဘုရင် အာကက်နာတန် စိုးစံခဲ့တဲ့ ခေတ္တမြို့တော် ဖြစ်ပြီး သူ့ရဲ့မိဖုရားက နာဖာတီတီ ဖြစ်ပါတယ်။

အာကက်နာတန်ဟာ အေတန်နတ်ဘုရားကိုးကွယ်မှုကို မြှင့်တင်တာအပြင် တိတ္ထိဘုရင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး သူ့ရဲ့စိုးစံမှုဟာ အီဂျစ်အနုပညာမှာ အစွန်းရောက်ပြောင်းလဲမှုကို မိတ်ဆက်ပေးခဲ့ပါတယ်။
အီဂျစ်ကနေ တရားဝင်ရယူသွားတဲ့ ရှေးဟောင်းပစ္စည်း တွေကို တောင်းဆိုတာမဟုတ်ဘဲ တရားမဝင် ရယူသွားတဲ့ ရုပ်တုကိုသာ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုတာလို့ ဟာဝက်စ်က စက်တင်ဘာ ၇ ရက်မှာ ပြောဆိုခဲ့ပါတယ်။