ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဘာစီလိုနာကို လာရောက်လည်ပတ်သူတွေကို ရေသေနတ်နဲ့ ပက်ခဲ့တဲ့ အုပ်စုငယ်ရဲ့ လုပ်ရပ်ကို စပိန်ခရီးသွားလုပ်ငန်းဝန်ကြီးက ရှုတ်ချခဲ့ပြီး သူတို့ဟာ နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်တဲ့ ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ အုပ်စုငယ်က ခရီးသွားတွေ အိမ်ပြန်ကြဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စနေနေ့က မြို့လယ်ခေါင်မှာ ချီတက်ပွဲတစ်ရပ် ပြုလုပ်ခဲ့တာပါ။
စားသောက်ဆိုင်တချို့နဲ့ နိုင်ငံခြားခရီးသွားတွေ အဖြစ် သတ်မှတ်ခံရတဲ့ လူတစ်စုကို ရေသေနတ်တွေနဲ့ ဝိုင်းရံထားတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။ ဆန္ဒထုတ် ဖော်သူတွေရဲ့လုပ်ရပ်က ရှုတ်ချဖွယ်ဖြစ်ပေမယ့် ဒီဖြစ်ရပ်ကို နိုင်ငံတကာမီဒီယာတွေက ချဲ့ကားပြောဆိုခဲ့တယ်လို့ ဘာစီလိုနာမြို့တော်ဝန်ဟောင်း ဂျာဒီ ဟီရီအူက ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ၊ ပါလ်မာ ဒီမာလော်ကာနဲ့ မာလာဂါ လို ပင်လယ်ကမ်းစပ်မြို့တွေမှာ ဧည့်သည်တွေကြောင့် အိမ်ငှားစရိတ်တွေ တက်လာပြီး မြို့လယ်ခေါင် တွေမှာ ငှားနေဖို့ မတတ်နိုင်တော့ဘူးလို့ ခရီးသွားလုပ်ငန်းဆန့်ကျင်သူတွေက ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာရဲ့ လက်ရှိမြို့တော်ဝန်ကတော့ ၂၀၂၈ ခုနှစ်မှာ ခရီးသွားတွေဆီ တိုက်ခန်းငှားရမ်းမှုကို ပိတ်ပင်သွားမယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့
ပါတယ်။
ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁ ဒသမ ၇ သန်းရှိတဲ့ ဘာစီလိုနာကို ကမ္ဘာလှည့် ခရီးသည် ၂၆ သန်းလောက် လာရောက် လည်ပတ်ခဲ့ပါတယ်။
စပိန်နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုဟာ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း နှစ်အလိုက် ၁၃ ရာခိုင်နှုန်း တိုးလာတယ်လို့ ခရီးသွားဝန်ကြီးဌာနက ပြောပါတယ်။